စာပေထက် ကိုယ်ကျင့်သီလကို ဦးစားပေးတော်မူသည့် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

ဆရာတော်အရှင်ဇနကာဘိဝံသသည် မကြာမကြာဩဝါဒပေးလေ့ရှိ၏။ "စာမတတ်လို့အပါယ်မကျနိုင်ဘူး၊ သီလမလုံခြုံရင်တော့ အပါယ်နဲ့တန်းနေတာဘဲ ဒါကြောင့် စာကိုဖြည်းဖြည်းသင်ပါ၊ အရေးမကြီးပါနှင့်၊ ကိုယ်ကျင့်သီလကိုသာ ဖြူစင်အောင်နေပါ၊ မညစ်နွမ်းပါစေနှင့်၊ ဘုရားသာသနာထဲကနေပြီး ဘုရားကြိုက်တဲ့သီလကို မလိုက်နာလို့ဘယ်ဖြစ်ပါ့မလဲ။"
"သီလတွေအညစ်နွမ်းခံပြီး စာပေသင်ကြားကြတာဟာ စဉ်းစားဖို့ကောင်းတယ်၊ တတ်လာတဲ့စာပေတွေက အပါယ်မကျအောင် ကယ်နိုင်ပါ့မလား၊ ညစ်နွမ်းသွားရတဲ့သီလတွေက ရောအပါယ်မကျစေဖို့ ခွင့်လွှတ်နိုင်ပါ့မလား၊ စဉ်းစားပါ၊ သတိထားပါ၊ တစ်နေရာမှာဆိုရင်မြတ်စွာဘုရားက "စိတ်ကောင်းမရှိဘဲနဲ့၊ သီလတွေမလုံခြုံဘဲနဲ့ စာတွေသင်နေတာထက် အိပ်နေတာကမှတော်သေးတယ်" တဲ့ ဟောထားတာရှိတယ်၊
"ဟုတ်တာပေါ့၊ အိပ်နေတဲ့အချိန်မှာ ဘဝင်စိတ်ပဲဖြစ်တယ်၊ အကုသိုလ်စိတ်မဖြစ်ဘူး၊ ဒါ့ကြောင့် ဒီကျောင်းတိုက်မှာတော့ စာပေကိုဦးစားမပေးနိုင်ဘူး၊ ရှေ့တန်းမတင်နိုင်ဘူး၊ အနေအထိုင်ကိုယ်ကျင့်သီလ ပြည့်ဝဖို့သာဦးစားပေးရလိမ့်မယ်၊ အဓိကထားရလိမ့်မယ်။"
[တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ဩဝါဒ]
{ကျမ်းညွှန်း--
သာမဏေကျော်၏ မဟာဂန္ဓာရုံဆရာတော်ကြီးနှင့်ဝိနည်း။}

Comments
Post a Comment