ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ




ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ
***************************************
ဒီမေးခွန်းကို စတင်မေးခဲ့သူက ဘာသာခြားတစ်ယောက်။ကြက်သေသေပြီး ဆွံအခဲ့သူက ကျွန်တော်နဲ ့သူငယ်ချင်းတွေ။သူကမေးတယ်…
“”ဘုရားရှင်က ချစ်သားရဟန်းတွေကျတော့ ဦးပြည်းခေါင်းတုံးနဲ ့။သူကိုယ်တိုင်ကျတော့ ဆံတော်အရှည်နဲ့ကျတော့ သိပ်နည်းလမ်းမကျဘူးမဟုတ်လား။
စော်ကားချင်လို ့မေးတာမဟုတ်ပါဘူး။
ကြိုပြီးတောင်းပန်တာပါ။ သိချင်လို ့ပါ။
တကယ်လို့တပည့်ရဟန်းတွေကို ဦးပြည်းခောင်းတုံးနဲ့ဆိုရင် သူလည်း ဦးပြည်းခေါင်းတုံးဖြစ်သင့်တယ်မဟုတ်လား။
ဒါမှနည်းလမ်းကျမှာပေါ့””….တဲ့။
ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ပါလို ့ ရဲရဲကြီးကြွေးကြော်တဲ့ ကျွန်တော် အရှက်ရပြီ။
ကိုယ်လည်းတစ်ခါမှ ဒီလောက်နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားမိခဲ့။

မေးသူကမေး။ ဖြေရမယ့်လူတွေက ဆွံ့အ။ နောက်ဆုံးတော့ ဘာသာရေးနဲ့ ့ပတ်သက်တဲ့အတွက် မရေရာပဲ ဖြီးဖြန်းမဖြေချင်တဲ့အတွက် ရှက်ရှက်နဲ့ပဲ မသိဘူးလို ့ ဝန်ခံလိုက်ရပါတယ်။
  သူပြန်သွားတော့ စ်ိတ်တိုတိုနဲ့ ဒီအဖြေကို မရရအောင် Web တွေမှာ မွှေနှောက်ရှာဖွေရင်း မထင်မှတ်ပဲ စာရေးဆရာတစ်ယောက်ရေးထားတာတွေ ့မိတာနဲ့ တစ်လက်စတည်း သူငယ်ချင်းတွေကို မျှဝေ ပေးလိုက်ပါတယ်။
  ဒီလိုပါ…
မြတ်စွာဘုရားရှင်က မဟာကရုဏာရှင်ကြီးဖြစ်ပါတယ်။
ခြေတော်ရာတောင် ခုနှစ်ဆူပဲချထားတော်မူပါတယ်။ဘာလို ့လဲဆိုတော့ ခြေတော်ရာကို နောက်လူတွေရှောင်ရ။နင်းမိရင်လည်း ငရဲကြီးမှာစိုးတဲ့အတွက်ပါ။
ဒီနေရာမှာ စကားစပ်မိလို ့ ကျွန်တော်သိတာလေးတစ်ခုပြောပြချင်ပါတယ်။ဘုရားရှင်တိုင်း သွားတဲ့လမ်းမှာခြေတော်ရာမထင်ပါဘူး။ခြေတော်ရာချသင့်တဲ့နေရာမှသာ အဓိဋ္ဌန်ပြုပြီးချတော်မူပါတယ်။
ဒါခြေတော်ရာပဲရှိသေးတယ်နော်။
ဘုရားဖြစ်ပြီးတဲ့နောက်ကစလို ့ မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ကို မကိုင်ကောင်းဘူးလေ။
မြတ်စွာဘုရားရဲ့ ့ဦးခေါင်းတော်ကိုင်ပြီး ဆံတော်ရိတ်သင်ဖို့ဆိုရင် အနည်းဆုံးတော့ မြတ်စွာဘုရားရဲ ့အမြင့်မှာနေရမယ်။မြတ်စွာဘုရားထက်မြင့်မြတ်တဲ့သူ
ဒါမှမဟုတ် ဆရာလည်း ဖြစ်ရမယ်လေ။

မြတ်စွာဘုရားမှာ ဆရာမရှိတဲ့အပြင် မြတ်စွာဘုရားထက် မြင့်မြတ်တဲ့သူကရော ဘယ်သူရှိလို ့လဲ။နည်းနည်းတော့စဉ်းစားကြည့်ပါဦး။
မြတ်စွာဘုရားရှင်ကရောဘယ်သူ့ကိုများ သူ ့ဦးခေါင်းတော်ကိုင်ပြီး ဆံပင်ရိတ်သင်စေမှာလဲ။ဘယ်သူကရော ရိတ်သင်ရဲမှာလဲ။
နောက်ပြီး မြတ်စွာဘုရားရှင် ဆံတော်ပယ်ပြီးကတည်းက ဆံတော်က လက်နှစ်သစ်ပဲရှိပါတယ်။
အဲ့လက်နှစ်သစ်ကနေပြီး သဘာဝအတိုင်း အခွေလေးတွေ လိပ်ထွက်လာပြီး လက်ျာရစ်သူ ့အစုနဲ့သူ တည်နေပါတယ်။ဦးထိပ်ပိုင်းဆံတော်တွေကတော့ သင်းကျစ်လို လကျ်ာရစ်တည်နေပါတယ်။
ရှေးဟောင်းသမိုင်းစာတွေမှာတော့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဟာ တော်တော်လေးကို ကောက်ပြီး လိပ်ခွေနေတယ်လို ့ ရေးသားကြပါတယ်။
ဒါဆို ဘုရားရှင်က ဘာလို့ တန်ခိုးတော်နဲ ့ ဆံတော်မရိတ်လဲ.. မေးစရာရှိလာပါလိမ့်မယ်။
မြတ်စွာဘုရားက လူသားစစ်စစ်ဘုရားဖြစ်တဲ့အတွက်လူသားတစ်ယောက်လို သဘာဝကျကျ နေထိုင်တော်မူပါတယ်။

တပည့်သာဝကတွေကို တန်ခိုးပြခြင်းကို အားပေးတော်မမူတဲ့အပြင် ကိုယ်တိုင်လည်း တန်ခိုးပြခြင်းကို ရှောင်ရှားတော်မူပါတယ်။
ဒါ့ကြောင့် ဆံတော်မရှည်စေနဲ့လို ့ တန်ခိုးတော်နဲ့လုပ်တော်မမူပါဘူး။မဟာလူသားလို ့ တင်စားအပ်တဲ့ ဘုရားရှင်က လူသားတစ်ယောက်လို
ပဲသဘာဝကျကျနေထိုင်တော်မူပါတယ်…လို့ ဒီအကြောင်းလေးကို ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ ့
Good Answers for Good Questions ဆိုတဲ့ကမ္ဘ္ဘာကျော်စာအုပ်ထဲမှာ ဒီလိုလေး ရေးပြထားပါတယ်။
Upon taking up the homeless life,
he cut his hair with knife. Because his
hair was so curly,it spiraled onto corkscrew curls that sat close to
his head.
နောက်ထပ် မြတ်ဗုဒ္ဓနဲ့ ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ်အသေးစိတ်သိထားတာလေးများရှိရင်လည်း ပြန်လည် မျှဝေပေးပါဦးမယ်။

   #မင်းညိုသွေး

Comments

Popular posts from this blog

မြန်မာ့ဝတ္တု စတင်ဖြစ်​ပေါ်လာပုံအ​​ကြောင်း

Buddhistic instructions in ethics Note (2)