မြန်မာ့ဝတ္တု စတင်ဖြစ်​ပေါ်လာပုံအ​​ကြောင်း

 ကာလပေါ် ဝတ္ထုများ မတိုင်မီက မြန်မာ့ဝတ္ထုများ
📚📚📚📚📚📚📚📚📚📚📚📚📚

          မြန်မာ့ ဝတ္တု လောက ကို ပြန်ကြည့်မယ်ဆိုရင် အများစုကတော့ ကာလပေါ် ဝတ္တု စတင်ရာ ဂျိမ်းလှကျော် ၏ မောင်ရင်မောင် မမယ်မ ဝတ္တုကနေ စတင်တယ်လိုပဲ သိရှိထားကျပါသည်။ တကယ်တမ်း ဂျိမ်းစ်လှကျော် မတိုင်မီမှာ ပေါ်ထွက်ခဲ့တဲ့ ဝတ္တုတွေ အတော်များများ ရှိပါသည်။

  ယင်းတ့ိုအနက် သာသနာနှစ် ၂၀၅၅ ဝန်းကျင်က ပေါ်ထွက်ခဲ့သည့် ပါရာယန ဝတ္တုသည် အစောဆုံးသော ဝတ္တုတစ်ပုဒ်ဖြစ်၏။ ဒီဝတ္ထုကို ရေးသားသူကတော့ ရဟန်းစာဆို ရှင်မဟာသီလဝံသ ဖြစ်၏။

          ပါရာယန ပြီးနောက် ပေါ်ထွန်းလာသော ဝတ္တုသည် ညောင်ရမ်းခေတ် သက္ကရာဇ် ၉၈၁ ခုနှစ် အနောက်ဘက်လွန်မင်းတရား အုပ်စိုးချိန်တွင် တောင်ဖီလာ ဆရာတော် ရေးသားသည့် ယသဝဃုန ဝတ္တု ပင် ဖြစ်၏။

          ၎င်း အနောက်ဘက်လွန်မင်းတရား လက်ထက်မှာပဲ သင်္ဃနာထ ဆရာတော် ရေးသားသည့် မဏိကုဏ္ဍလ ဝတ္တု သည် ထပ်မံ ပေါ်ထွက်လာခဲ့၏။ ယင်းနောက် ဝမ်းဘဲအင်းစံမင်း လက်ထက် သက္ကရာဇ် ၁၀၄၁ ဝန်းကျင်တွင် မဟာရတနာကရ ဆရာတော် ရေးသားသည့် ရတနာကရ ဝတ္တုသည် ထပ်မံ ပေါ်ထွက်လာခဲ့သည်။

          သို့ဖြင့် သက္ကရာဇ် ၁၀၆၀ စနေမင်း လက်ထက်တွင် ဝန်းကြီးပဒေသရာဇာ ရေးသားသော မဏိကတ် ဝတ္တုသည်ထင်ရှား၏။

ထို့နောက် အလောင်းမင်းတရား လက်ထက်တွင် ရွှေတောင်သီဟသူ၏ ရတနာကြေးမုံ ဝတ္တုသည် ပေါ်ပေါက်လာခဲ့ပြန်သည်။ ကုန်းဘောင်ခေတ် အနှောင်းပိုင်း ရောက်သည့်အခါ ရာမရကန် ဦးတိုး၏ ရာမယန နန်းတွင်း ဝတ္တု၊ စလေ ဦးပုည၏ ဆဒ္ဒန်ဆင်မင်း ဝတ္ထု၊ ယုန်မင်း ဝတ္ထု၊ သူအိုမကြီး ဝတ္ထု၊ ကာကဝလိယ ဝတ္ထု များသည် ထင်ရှား၏။

Credit - #ကွိုင် နှင့် Facebook Post များ
တခြား ဝတ္ထုများလည်း ကျန်နေကောင်း ကျန်နေပါလိမ့်မယ်။


Comments

Popular posts from this blog

ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ

Buddhistic instructions in ethics Note (2)