ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ
ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ *************************************** ဒီမေးခွန်းကို စတင်မေးခဲ့သူက ဘာသာခြားတစ်ယောက်။ကြက်သေသေပြီး ဆွံအခဲ့သူက ကျွန်တော်နဲ ့သူငယ်ချင်းတွေ။သူကမေးတယ်… “”ဘုရားရှင်က ချစ်သားရဟန်းတွေကျတော့ ဦးပြည်းခေါင်းတုံးနဲ ့။သူကိုယ်တိုင်ကျတော့ ဆံတော်အရှည်နဲ့ကျတော့ သိပ်နည်းလမ်းမကျဘူးမဟုတ်လား။ စော်ကားချင်လို ့မေးတာမဟုတ်ပါဘူး။ ကြိုပြီးတောင်းပန်တာပါ။ သိချင်လို ့ပါ။ တကယ်လို့တပည့်ရဟန်းတွေကို ဦးပြည်းခောင်းတုံးနဲ့ဆိုရင် သူလည်း ဦးပြည်းခေါင်းတုံးဖြစ်သင့်တယ်မဟုတ်လား။ ဒါမှနည်းလမ်းကျမှာပေါ့””….တဲ့။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ပါလို ့ ရဲရဲကြီးကြွေးကြော်တဲ့ ကျွန်တော် အရှက်ရပြီ။ ကိုယ်လည်းတစ်ခါမှ ဒီလောက်နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားမိခဲ့။ မေးသူကမေး။ ဖြေရမယ့်လူတွေက ဆွံ့အ။ နောက်ဆုံးတော့ ဘာသာရေးနဲ့ ့ပတ်သက်တဲ့အတွက် မရေရာပဲ ဖြီးဖြန်းမဖြေချင်တဲ့အတွက် ရှက်ရှက်နဲ့ပဲ မသိဘူးလို ့ ဝန်ခံလိုက်ရပါတယ်။ သူပြန်သွားတော့ စ်ိတ်တိုတိုနဲ့ ဒီအဖြေကို မရရအောင် Web တွေမှာ မွှေနှောက်ရှာဖွေရင်း မထင်မှတ်ပဲ စာရေးဆရာတစ်ယောက်ရေးထားတာတွေ ့မိတာနဲ့ တစ်လက်စတည်း သူငယ်ချင်းတွေကို မျှဝေ...
Comments
Post a Comment